2011年2月22日火曜日

ဲDiscussion For Burma Future

ယနေ့မွန်းလွဲ၂း၀၀နာရီဂျပန်နိင်ငံတိုကျိုမြို့ ဆိုးဟယိုးခိုက်ခန်း၈ထပ်၊ရင်းဂိုစည်းဝေးခန်း ၃-၂-၁၁ခန်းဒ-စုရုဂဒိုက်။ချိယိုဒါကု၊ တွင် ဂျပန်အလုပ်သမားသမဂ္ဂ(JTUC)အထွေထွေအတွင်းရေးမှူး
မစ္စတာဟိရိုယူကိ နာဂူမို နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းဖြင့်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
နာရီဝက်မျှကြာခဲ့ပြီး နိုင်ငံတကာရေးရာဌာနမှ ညွှန်ကြားရေးမှူးချုပ်မစ္စ ချိဟိရိုးအိကုဆ၀ါ၊ညွှန်ကြားရေး
မှူးမစ္စတာမာဆယုကီရှီအို့တာ၊မြန်မာ့ရေးရာရုံး(ဂျပန်)မှဒေါက်တာမင်းညိုတို့တက်ရောက်ခဲ့ကြပါသည
်။မစ္စတာနာဂူမိုကမိမိတို့အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မူအတွက်ဝမ်းမြောက်မိကြောင်း
ယခုတိုင်အကျဉ်းကြခံနေရဆဲ နိုင်ငံရေးအကျဉ်းသား၂၁၀၀ကျော်လွတ်မြောက်ရေးကိုလည်းနိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ကြောင်း၊နအဖစစ်အစိုးရသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားဥပဒေဆိုင်ရာ
-အှဓမ္မ လုပ်အားပေးရန်စေခိုင်းမူ(convention29)
-လွတ်လပ်စွာ အသင်းများဖွဲ့စည်ခွင့်(convention87)တို့ကိုဆက်လက်ချိုးဖေါက်နေမူကိုလည်း
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့က ကြိုးပမ်းတားမြစ်မည်ဖြစ်ရာ၊မြန်မာပြည်တွင်း၎င်းတို့၏
အဓမ္မလုပ်ရပ်များကိုအသိပေးအကြောင်းကြားပါရန် တောင်းဆိုခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှလည်းဂျပန်အစီုးရအား -မြန်မာ့ဒီမိုကရေစီအရေးတွင် အဖွဲ့အားလုံးပါဝင်နို
င်မူမှာအရေးပါကြောင်း၊သို့မှသာတည်ငြိမ်မူရှိနိုင်မည်ဖြစ်၍ ထိုကိစ္စကိုဂျပန်အစီုးရက ကြိုးပန်းပေးစေလိုပါကြောင်း၊ရွေးကောက်ပွဲပြီးခဲ့သော်လဲ မြန်မာပြည်သူများလိုလားချက်မရရှိနိုင်
သေးသည့် အတွက် နိုင်ငံတကာအလုပ်သမားအဖွဲ့က တာဝန်ယူဆောင်ရွက်စေလိုပါကြောင်း၊
မြန်မာပြည်တွင်း`နအဖစစ်အစီုး၏ ဥပဒေချိုးဖေါက်နေမှူများကိုလည်းအချက်အလက်စုဆောင်းပေး
ပို့သွားမည်၊နိုင်ငံတကာနှင့်လက်တွဲဆောင်ရွက်သွားမည်စသည်အချက်များကိုပြန်လည်ဖြေကြား
ခဲ့ပါသည်။