2011年3月17日木曜日

ွှTSUNAMI NEWS

ဂျပန်ငလျှင်သတင်း နှင့်ဂယက်ရိုက်ခတ်မှုများ

၂၀၁၁ မတ်လ ၁၆။ ။
၂၀၁၁ခုနှစ် မတ်လ ၁၁ရက် မွန်းလွဲ ၁၄း၄၆ နာရီအချိန် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများတွင် M 8.8 အင်အားရှိ သော ငလျှင် လှုပ်ခဲ့ပါသည်။ ဂျပန်နိုင်ငံ သမိုင်းအရ နှစ်ပေါင်း၁၄၀ အတွင်း အပြင်းထန်ဆုံး ဖြစ်ကြောင်း နှင့် ကမ္ဘာ ပေါ်တွင် ပဉ္စမမြောက် အပြင်းထန်ဆုံးဖြစ်ကြောင်း ဘူမိဘေဒပညာရှင်များ ထုတ်ဖေါ်ပြောကြားခဲ့ကြပါသည်။ ဖုကုရှီမား ခရိုင်၊ တိုချိဂိ ခရိုင် ၊ အိဝတေ ခရိုင်၊ အိဘာရာကိခရိုင်၊ အ ကိတ ခရိုင်၊ ညီဂါ့တာ ခရိုင်၊ နာဂါနို ခရိုင်၊ မိယာဂီ ခရိုင် ၊ ချီဘ ခရိုင် များတွင် အထိအခိုက် ပိုမိုများပြားခဲ့ကြောင်း သိရှိရပါသည်။ ငလျှင်ဒဏ်ကြောင့် ပင်လယ်ပြင် တွင် ဆူနာမီလှိုင်းရိုက်ခတ်
မှု မှာ ရေလှိုင်းအမြင့် ၁၀မီတာ ထိအောင် ပြင်းထန်ခဲ့ ပြီး နှစ် ၁၀၀ တွင်တခါသာ ဖြစ်နှိုင်သည့် အလွန်ကြီးမားသောဆူနာမီဖြစ်ကြောင်း ကျွမ်းကျင်သူပညာရှင်များ က ပြောကြားခဲ့ ကြ ပါသည်။
သတင်းထုတ်ပြန် ကြေငြာချက်များ အရ မတ်လ ၁၆ရက် ည ၇နာရီ အချိန်ထိ ခရိုင် ၈ခု တွင် ဒုက္ခသည်စခန်း ၂၄၀၀ ကျော်၌ လူဦးရေ ၄၃၀၀၀ကျော် ခိုလှုံလျက် ရှိကြ ပြီး အသေ အပျောက် လူဦးရေ
၁၁၅၉၂ ကျော်သွားပြီ ဖြစ်ကြောင်း သတင်းကြေ ငြာချက်များအရသိရှိရပါသည်။ ယနေ့(၁၆) တိုင်အောင် မြေပေါ် မြေအောက် ရထားလိုင်း များ လုံးဝ (သို့) တစိတ်တဒေသ ရပ်ဆိုင်းနေဆဲ ဖြစ်ပါသည်။
ထို့အပြင် ဖုကုရှီမား ခရိုင် ရှိ အဏုမြူ ဓါတ်အားပေးစက်ရုံ ၂ ရုံ အနက်မှ အမှတ်-၁ စက်ရုံ သည် မတ်လ ၁၁ရက် ငလျှင်လှုပ်ချိန်မှ စတင် ချို့ယွင်းလာခဲ့ ပြီး ရေဒီယိုသတ္တိကြွ ပြန့်ပွားမှုမှာ တိုကျိုမြို့ထိအောင်
ရောက်ရှိလာပြီ ဟု ဂျပန်နိုင်ငံ တာဝန်ရှိသူများမှ ထုတ်ပြန်ကြေငြာ လိုက်ပါသည်။ သို့ရာတွင် တိုကျိုမြို့ နေ လူအများ ဘေးဥပဒ်မဖြစ်နှိုင်ကြောင်းကိုလဲ ပြောဆိုလိုက်ပါသည်။
ဓါတ်အားပေးစက်ရုံ ပြင်ဆင်နေစဉ် ကာလအတွင်း လျှပ်စစ်မီး ဖြန်ဖြူးရေး လျှော့ချမည် ဖြစ်ရာ နယ်မြေ ၅ခု ခွဲခြားသတ်မှတ်၍ တကြိမ် လျှင် ၃နာရိခန့် အလှည့်ကျစနစ် ဖြင့်၂၀၁၁ ၄လ အကုန်ထိ
အောင် ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း တိုကျို လျှပ်စစ်စွမ်းအင် ကုမ္မဏီ (TEPCO) မှ ထုတ်ပြန်ကြေ ငြာလိုက်ပါသည်။
အဏုမြူဓါတ်အားပေးစက်ရုံ မှ အချင်းဝက် ကီလိုမီတာ ၃၀ အတွင်း လေယာဉ်ပျံသန်းခြင်း မပြုရန် သတ်မှတ်လိုက်ကြောင်း ကိုလည်း ဂျပန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေ ငြာလိုက်ပါသည်။ ဒုက္ခသည်စခန်းများ တွင်ရောက်ရှိ ခိုလှုံနေကြသူများအတွက် လိုအပ်မှုများ ဖြည့်တင်းပေး ရန် ဂျပန် ၀န်ကြီးချုပ် နာအိုတိုခန်း ဦးဆောင်၍ ဂျပန်အစီုးရတာဝန်ရှိသူများကြိုးစားဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။
ကုလသမဂ္ဂအဏုမြူအေဂျင်စီ (IAEA) ကိုလည်း အကူအညီတောင်းထားသည်ဟု ဂျပန်အစီုးရ တာဝန်ရှိသူများ က ထုတ်ပြန် ကြေငြာလိုက်ပါသည်။နိုင်ငံတကာ မှလည်း အကူအညီပေး ရန်ကမ်းလှမ်း
ခဲ့ ကြရာ ယနေ့(၁၆) အထိ အမေရိကန် နိုင်ငံ၊ အဂ်လန် နိုင်ငံ၊ တရုတ်နိုင်ငံ တို့မှ ကျွမ်းကျင်သူများ
်၊ လူကယ်ဆယ်ရေး အတွက် လေ့ကျင့်ပေးထားသော ခွေးများ နှင့် စားဝတ်နေရေးတွက် ပစ္စည်း
ကရိယာများ စတင်ရောက်ရှိလာပြီဟု သိရှိ ရပါသည်။
ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများ ပါဝင် ဖွဲ့စည်းထားသည့် (NDB) Network For Democracy Burma မှလည်း တတပ်တအား ပါဝင်ကူညီ လိုကြောင်း ဂျပန် နိုင်ငံ တာဝန်ရှိသူများ ထံကမ်းလှမ်း
ထား ရာ လက်ရှိအခြေအနေ အရ မလိုအပ်သေးသော်လည်း လူမှုရေးအကူအညီများ ရယူရန် အချိန် ကြလာ လျှင် ဆက်သွယ်အကြောင်းကြားပါမည် ဟု ဂျပန် ဌာနဆိုင်ရာမှ အကြောင်းပြန်ခဲ့သည်ဟု သိရှိရ
ပါသည်။သာသနဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်ကိုယ်စားလှယ်ထံ ဒေါ်လာငွေ နှစ်ထောင် လှုဒန်းခဲ့ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးထံ ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့ခဲ့ ကြောင်းသိရှိရပါသည်။
ယနေ့အချိန်ထိ ဒုက္ခသည် ရှာဖွေကယ်ဆယ်ရန် တပ်သားအင်အား တစ်သိန်းအထိ တိုးမြှင့် တာဝန်ပေးလိုက်ကြောင်းသိရှိရပါသည်။

အခမဲ့ သုံးရန် နိုင်ငံခြားဆက်သွယ်ရန် ၀၀၁၀၁၀ ခံဆက်ပါ။
အင်တာနက်- http://www.niknayman-niknayman.co.cc/2011/03/blog-post_14.html

google မှ ဂျပန် ငလျင်နှင့်ပက်သက်သော အရေးပေါ် အင်တာနက်စာမျက်နှာလင့်ပါ http://www.google.com/crisisresponse/japanquake2011.html

docomo ဖုန်းကိုင်ဆောင်သူများ အားရှာဖွေရန်လင့်ပါ http://dengon.docomo.ne.jp/Einoticelist.cgi?es=0
softbank ဖုန်းကိုင်ဆောင်သူများ အားရှာဖွေရန်လင့်ပါ http://dengon.softbank.ne.jp/pc-e1.jsp
Nuclear and Industrial safety agency မှ သတင်းများ ရယူရန် http://www.nisa.meti.go.jp/english/index.html
Japan Meteorological Agency မှသတင်းများရယူရန် http://www.jma.go.jp/en/tsunami/
emobile disaster Message Board လင့်ပါ http://dengon.emnet.ne.jp/en/service.do
Disaster Message Board Top လင့်ပါ http://dengon.willcom-inc.com/dengon/Top.do?language=E
Pacific Tsunami Warning Center လင့်ပါ http://www.weather.gov/ptwc/?region=1&id=pacific.2011.03.11.073000
ဂျပန် ၀န်ကြီးချုပ်နဲ့ Cabinet အဖွဲ့လင့်ပါ http://www.kantei.go.jp/jp/kikikanri/jisin/20110311miyagi/index.html

http://www.nytimes.com/interactive/2011/03/12/world/asia/the-explosion-at-the-japanese-reactor.html?ref=asia (အင်္ဂလိပ်မူရင်းဖတ်လိုသူများ)
http://www.sannmaw.com/ (အဏုမြူဓါတ်ပေါင်းဖိုဆိုင်ရာ ဗဟုသုတ) များတွင် လေ့လာ၍လည်း မိမိတို့မြန်မာများ လိုရာသုံးနိုင်ကြ စေ ရန် စေတနာဖြင့်
အသိပေးအပ်ပါသည်။




--
soe aung win

0 件のコメント:

コメントを投稿